Korea Bibimbap (Mixed Rice With Vegetables)....ကိုရီးယားထမင်းသုပ်
ကိုရီးယား ထမင်းသုပ်ကို နှစ်မျိုးလုပ်စားလို့ရပါတယ်။Dolsot Bibimbap(ကျောက်အိုးကိုအပူပေးထားတာ) & Normal Bibimbap (ရိုးရိုးဇလုံထဲတွင်သုပ်စားတာ) နှစ်မျိုးစလုံးကို ဓာတ်ပုံနှင့်ဖော်ပြထားပါတယ်။ ထမင်းသုပ်ထဲကို ဘာတွေထည့်သုပ်စားမလဲလို့ စဉ်းစားရပါမယ်။ ကိုယ်ကြိုက်တာတွေအားလုံးထည့်ပြီးသုပ်စားလို့ရပါတယ်( မုန်လာဥနီ, မုန်လာဥဖြူ ,မှို , ပဲပင်ပေါက်, ငါးခြောက်, ပဲပြားကြော်) မိမိ ကြိုက်နှစ်သက်ရာအားလုံးအသုံးပြု နိုင်ပြီး ....မကြိုက်နှစ်သက်သည်များအားမထည့်ရန်ဖြစ်ပါတယ်။
ပြု လုပ်ပုံအဆင့်ဆင့်.....
မုန်လာဥနီ။ ။ အမျှင်လေးတွေဖြစ်အောင် ဂျစ်ဖြင့်ခြစ်ပါ ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ကြိတ်ပြီးသားအနည်းငယ်ထည့်ပြီးကြော်ပါ။ ဆား ,ဟင်းခပ်မှုန့်အနည်းငယ်ထည့်ပါ။ နောက်ဆုံး နှမ်းဆီအနည်းငယ်ဖြန်းပြီး ဇကာထဲသို့လောင်းထည့်၍ ဆီစစ်အအေးခံထားပါ။ အရမ်းနွမ်းသွားအောင် အကြာကြီးမကြော်ပါနဲ့ ၊အနည်းငယ်နွမ်းသွားလျှင်ရပါပီ။
မုန်လာဥဖြူ ။ ။အပေါ်ကနည်းအတိုင်းကြော်ပါ ။ သတိထားရန်မှာ ။ နှမ်းဆီလုံးဝမသုံးရ. အရောင်မဲသွားပါလိမ့်မည်။ ဆား ,ဟင်းခပ်မှုန့်ထည့် သဘာဝအတိုင်း မုန်လာဥလေး ဖြူ ဖွေးနေပါစေ။ ဇကာထဲထည့် ဆီစစ်ထားပါ။
မှို ။ ။ ကြိုက်နှစ်သက်သည့်မှိုထည့်ပါ ။ ကြက်သွန်ဖြူ နှင့် ဆား မထည့်ပါနဲ့ (မှိုအရသာပျက်ပါသည်) ဇကာထဲထည့် ဆီစစ်ထားပါ။
ပဲပင်ပေါက်။ ။ ကြော်စရာမလိုပါ။ ရေနွေးထဲ ၂ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆား, ဟင်းခပ်မှုန့်ထည့် နှမ်းဆီအနည်းငယ်ဆမ်းပြီး ပန်းကန်တစ်ခုထဲထည့်ထားပါ။
ငါးခြောက်ကြိုက်လျှင်ထည့်နိုင်ပါသည် ။ ပဲပြားကြိုက်လျှင် အတုံးလေးတွေတုံးပြီး ဆီးဖြင့်ကြော်ကာ ဇကာဖြင့်စစ်ထားပါ။ ထမင်းသုပ်ထဲသို့ မိမိကြိုက်နှစ်သက်သည့် ငါးမျိုး ခန့်သာထည့်သုပ်ရန်လိုပါသည်။
ဆော့ပြု လုပ်ရန်.....
Bibimbap(ထမင်းသုပ်ဆော့ ပြု လုပ်ရန်)
ကိုရီးယား ချီလီဆော့ - ၂ဇွန်း (စားပွဲတင်ဇွန်း)
နှမ်းဆီ - ၁ဇွန်း (စားပွဲတင်ဇွန်း)
သကြား - ၁ဇွန်း (စားပွဲတင်ဇွန်း)
7 up အချိုရည် (အနည်းငယ်)
နှမ်း - ၁ဇွန်း (စားပွဲတင်ဇွန်း)
ပြောင်းဖူးရည် -၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ ကြိတ်ပြီးသား - ၁ ဇွန်း တို့ပဲဖြစ်ပါတယ်။
Bibimbap Sauce ကိုပြု လုပ်ရာတွင် ပုံတွင်ပြထားသည့်အတိုင်း ပြစ်ပြစ်လေးပြု လုပ်ရပါတယ် 7up အချိုရည်ဖြင့် အပြစ်အကြဲကိုလိုသလိုပြု လုပ်သွားပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း အလှဆင်၍ စားသုံးနိုင်ပါပီ။
မှတ်ချက်။ ။ အပူကြိုက်တဲ့သူများက ကျောက်အိုးထဲတွင်အလှဆင်ပြီး မီးဖိုပေါ်တင်အပူပေး၍စားသုံးနိုင်ပါသည်။ အလယ်တွင်ထည့်သောကြက်ဥကို...အကာများဖယ်ပြီး ၊ အနှစ်သီးသန့်သာထည့်ရပါမည်။ အကာအရည်များပါလျှင် စားလို့မကောင်းပါ။ အအေးကြိုက်လျှင် ပန်းကန်တစ်ခုထဲထည့်ပြီး သုပ်စားနိုင်ပါသည်။
Z,TT